Advertisement
အမျိုးသမီးများ ခေါင်းဖုံးခြင်းယုံကြည်သူအမျိုးသမီးများ ခေါင်းဖုံးခြင်းနဲ့ ပတ်သက်ပြီး 1 ကော 11 : 4 - 16 မှာသာ ဖော်ပြထားတယ်။
အမျိုးသမီးများခေါင်းဖုံးခြင်းကို ရှင်ပေါလုက အမျိုးသမီးတိုင်းမဖြစ်မနေလုပ်ရမည့် ပညတ်ချက်အနေဖြင့် တောင်းဆိုနေခြင်း မဟုတ်ဘဲ ဒေသန္တရ အသင်းတော်ဖြစ်သော ကောရိန္တုမြို့၏ အခြေအနေကြောင့် နှင့် ထိုအသင်းတော်မှ အမျိုးသမီးများကို တောင်းဆိုထားခြင်း ဖြစ်တယ်။
ဘာကြောင့်လဲဆိုတော့ ကောရိန္တုမြို့ပတ်ဝန်းကျင်မှာ အကျင့်စာရိတ္တ ပျက်စီးသော ပြည်တန်ဆာအမျိုးသမီးများနှင့် အမျိုးသားများ၏ အုပ်စိုးခြင်းကို လက်မခံသော အမျိုးသမီးများက ခေါင်းဖုံးလေ့မရှိဘူး။
ကမ္ဘာဦးအစထဲက အမျိုးသား (အာဒံ )များကို အုပ်စိုးခြင်း အခွင့်အာဏာ ပေးခဲ့တယ်။ အမျိုးသမီးများ ( ဧ၀ )ကလည်း မိမိအိမ်ထောင်ဖက်အမျိုးသားများ၏ အုပ်စိုးခြင်းကိုဝန်ခံဖို့က ဘုရားသခင်၏အလိုတော်ဖြစ်တယ်။
ဒါ့ပြင် ကောင်းကင်တမန်တွေကို ထောက်ပြီး အမျိုးသမီးတွေက ခေါင်းဖုံးရမယ်။ အကြောင်းရင်းကတော့ဖန်ဆင်းခြင်းတွင် ဘုရားသခင်က ယောက်ျားနှင့်မိန်းမတို့အတွက် အခွင့်အာဏာနှင့်ဆိုင်တဲ့ စနစ်ကျသောအစီအစဉ်ကို ပုံဖော်ကြံစည်ခဲ့ချိန်မှာ ကောင်းကင်တမန်များ ရှိနေခဲ့ကြတယ်(ယောဘ 38 : 4 / : 7 )။
ဒါကြောင့် အမျိုးသားများရဲ့ အုပ်စိုးခြင်းကို ဝန်မခံခြင်း၊ ထိုလက္ခဏာသက်သေဖြစ်တဲ့ ခေါင်းဖုံးခြင်း မရှိတာဟာ ကောင်းကင်တမန်တွေကို မထောက်ခြင်း ဖြစ်တယ် ။
ကောရိန္သုအသင်းတော်မှာ အမျိုးသမီးတစ်ဦးရဲ့ ဦးခေါင်းဖုံးပြီး အမှုဆောင်ခြင်း၊ ဝတ်ပြုကိုးကွယ်ခြင်းဟာ သူမခင်ပွန်းသည်ရဲ့ အုပ်စိုးမှုကိုဝန်ခံတဲ့ သင်္ကေတတစ်ခုအနေနဲ့ ဖော်ပြနေခြင်း ဖြစ်တယ် ။
ဒါကြောင့် ကောရိန္တုအသင်းတော်ထဲမှာရှိတဲ့အမျိုးသမီးများကို ခေါင်းဖုံးခြင်းအားဖြင့် အခြားအမျိုးသမီးများနှင့် ကွဲပြားခြင်းရှိရန် တောင်းဆိုထားခြင်းဖြစ်တယ်။
အသင်းတော်ထဲမှာ အမျိုးသမီးများခေါင်းဖုံးခြင်းဟာ ခရစ်တော်၏ ဦးခေါင်းဖြစ်ကြောင်းကို ပေါ်လွင်စေပါတယ်။ အသင်းတော်ထဲမှာ နာခံခြင်းဖြင့် ခင်ပွန်းသည် ၏ အုပ်စိုးခြင်းကို ဝန်ခံခြင်းသည် ယောကျ်ား ၏ ဘုန်းတော်ကို ထင်ရှားစေသောသူ ဖြစ်ပါတယ်။
God bless all ...
Advertisement
Event venue
Barangay 813, Manila City, Manila, Philippines
Tickets