#StayHappening
Thu, 10 Dec, 2026 at 09:00 am UTC+07:00

Tomorrowland

  • Pattaya, Thailand · Pattaya
Bangkok News 365 Publisher / Host Bangkok News 365
Share
Tomorrowland
Advertisement
Tomorrowland ဂီတပွဲတော်ကြီးကြောင့် ထိုင်းနိုင်ငံစီးပွားရေးထဲသို့ ဘတ်ငွေ (၂၁.၄) ဘီလီယံခန့် ဝင်ရောက်လာမည် 🎶
ကမ္ဘာကျော် အီလက်ထရောနစ် အကဂီတပွဲတော်ကြီးဖြစ်တဲ့ Tomorrowland Thailand 2026 ကို လာမယ့် ဒီဇင်ဘာလ (၁၁) ရက်နေ့မှ (၁၃) ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင် (ပတ္တရား) ရှိ Wisdom Valley မှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဒီပွဲတော်ကြီးဟာ နိုင်ငံရဲ့ စီးပွားရေးလည်ပတ်မှုထဲကို ဘတ်ငွေ (၂၁.၄) ဘီလီယံခန့် စီးဝင်လာစေမှာဖြစ်ပြီး ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများအတွက် ကြီးမားတဲ့ အကျိုးအမြတ်တွေ ရရှိစေမှာဖြစ်ပါတယ်။ လက်ရှိမှာ တစ်နေ့ကို လူ (၅၀,၀၀၀) နှုန်းနဲ့ ၃ ရက်စာအတွက် လက်မှတ်ပေါင်း (၁သိန်း ၅သောင်း) လုံး ရောင်းချလို့ ကုန်သွားပြီလို့ သိရပါတယ်။
📌 စိတ်ဝင်စားဖွယ် အချက်အလက်များ -
🎟️ နိုင်ငံတကာမှ စိတ်ဝင်စားမှု - လက်မှတ်ဝယ်ယူသူတွေရဲ့ ၈၅% ဟာ နိုင်ငံခြားသားများဖြစ်ကြပြီး မလေးရှား၊ စင်ကာပူ၊ သြစတြေးလျ၊ ဥရောပနဲ့ အမေရိကန်တို့မှ အများဆုံး ပါဝင်ပါတယ်။
💼 အလုပ်အကိုင် အခွင့်အလမ်းသစ် - ခရီးသွားလာရေး၊ ပွဲစီစဉ်မှု၊ ထောက်ပံ့ပို့ဆောင်ရေးနဲ့ ဟိုတယ်လုပ်ငန်း ကဏ္ဍတွေမှာ အလုပ်အကိုင်သစ်ပေါင်း (၂၁,၃၈၆) နေရာကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။
💰 နိုင်ငံတော် အခွန်ရငွေ - ဒီပွဲတော်ကနေ အစိုးရအနေနဲ့ အခွန်ငွေ ဘတ် (၁.၄) ဘီလီယံအထိ ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။
လက်ရှိမှာတော့ ပွဲကျင်းပမယ့်နေရာ ပြင်ဆင်မှုတွေဟာ ၉၀% ကျော် ပြီးစီးနေပြီဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးနဲ့ ယာဉ်ကြောပိတ်ဆို့မှု မရှိစေရန်အတွက်လည်း အစိုးရဌာနအသီးသီးက ပူးပေါင်းဆောင်ရွက်နေကြပါတယ်။
ဒီလို ကမ္ဘာ့အဆင့်မီ ပွဲတော်ကြီးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရခြင်းဟာ ထိုင်းနိုင်ငံကို "ကမ္ဘာလုံးဆိုင်ရာ ဖျော်ဖြေရေးဗဟိုချက် (Global Entertainment Hub)" အဖြစ် ပြောင်းလဲဖို့ မဟာဗျူဟာမြောက် ခြေလှမ်းတစ်ခု ဖြစ်တယ်လို့ ခရီးသွားလာရေးဝန်ကြီးက ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။
#tomorrowland #tomorrowlandfestival #ThailandTourismAwards #MusicFestival #Pattaya #ThaiEconomy #MyanmarNews #ထိုင်းသတင်း #နိုင်ငံတကာသတင်း #bangkoknews365 #fypシ゚viralシ
Advertisement

Event venue

Pattaya, Thailand

Tickets
Concerts, fests, parties, meetups — all the happenings, one place.

Ask AI if this event suits you

Keep the plans coming

More events in Pattaya

Elektro Party

Fri, 11 Dec at 02:00 am Devils Bar Rom Pho Market 57/268 Moo 12, Nong Plue Subdistrict Bang Lamung, Pattaya, Thailand

Pattaya is happening.

See everything else that’s on — concerts, markets, comedy and more.