Advertisement
UAE ရောက် မြန်မာ မိသားစုများသို့-Mandalay မိသားစုမှဦးဆောင်ပြီး ငလျှင်ဒဏ်သင့် ညီအစ်ကို မောင်နှစ်မ မိသားစုများကို တတ်နိုင်သလောက် ကူညီပေးနိုင်ဖို့ စီစဉ်ထားပါတယ်။
အစီအစဉ်ကတော့ -
လာမယ့် ၁၃ ရက်နေ့ကနေ ၁၉ ရက်နေ့ထိ တစ်ပါတ်လုံး ကျွန်တော်တို့ ဆိုင်ရဲ့ ရောင်းအားထဲက ၁၀% ကို လိုအပ်နေတဲ့ နေရာများအား လှူဒါန်းပေးမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ကိုယ့်စားသုံးမှုရဲ့ ၁၀% ဟာ အလှူထဲကို ရောက်မှာ ဖြစ်တဲ့အတွက် လိုအပ်နေသူတွေအတွက်တစ်ဖက်တစ်လမ်းက ကူညီထောက်ပံ့ရာ ရောက်စေမှာပါ။ ဒါ့အပြင် သပ်သပ် လှူဒါန်းချင်သူများအနေနဲ့လဲ ကျွန်တော်တို့ဘက်က လက်ခံရယူပြီး ပေါင်းစု လှူဒါန်းပေးပါ့မယ်။
တစ်ပါတ်လုံး ဖြစ်တာကြောင့် အားတဲ့အချိန် အားတဲ့နေ့မှာ လာနိုင်ပါတယ်။ Mandalay မိသားစုအနေနဲ့ အချိုပွဲလေးများကိုလဲ လက်ဆောင်အနေနဲ့ ကျွေးမှာဖြစ်ပါတယ်။ ဒီနှစ်သင်္ကြန်မှာတော့ အကျိုးရှိမယ့်အရာများကိုသာ တက်ညီလက်ညီ ပြုလုပ်ရင်း တိတ်တဆိတ် ဖြတ်သန်းကြရအောင်လား...။
Advertisement
Event Venue & Nearby Stays
Mandalay Thai Asian Restaurant, Shop No6, behind grandiose supermarket, Waterfront tower B, Beside Rotana hotel, Navy Gate, Abu Dhabi,Abu Dhabi, United Arab Emirates